တရားဝင်ဖွံ့ဖြိုးမှုအထောက်အပံ့ (Official Development Assistance, ODA) နှင့်ပတ်သက် သည့် မမှန်မကန်ဆောင်ရွက်မှုများနှင့် အဂတိလိုက်စားမှုများကို ကာကွယ်တာဆီးရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ၏ ODA စီမံကိန်းများနှင့်ပတ်သက်သည့် မမှန်မကန်ဆောင်ရွက်မှု၊ အဂတိလိုက်စားမှုဆိုင်ရာ သတင်းအချက်အလက်များကို လက်ခံဆွေးနွေးပေးလျက်ရှိပါ သည်။ လက်ခံရရှိသည့်သတင်းအချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency, JICA) တို့က စစ်ဆေးပြီးနောက် လိုအပ်သည့် အရေးယူမှုများကို သင့် လျော်မှန်ကန်စွာ ဆောင်ရွက်သွားပါမည်။ ပေးပို့လာသည့် သတင်းအချက်အလက်များကို တင်းကြပ်စွာ ထိန်းသိမ်းထားမည်ဖြစ်ပြီး တစ်ဦးချင်းအမည်များ၊ ကုမ္ပဏီအမည်များကို ပြင်ပသို့ လုံးဝ ထုတ်ဖော်ပြောကြားမည်မဟုတ်ပါ။ သတင်းပေးပို့သူအပေါ် ဆိုးကျိုးများ မသက်ရောက်စေရန် အလေးထားလျက် ပေးပို့လာသည့် အကြောင်းအရာများကို သက် ဆိုင်ရာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်ခြင်းစသည့် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်သွားပါမည်။ မမှန်မကန်ဆောင်ရွက်မှု၊ အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအပေါ် လက်ခံဆောင်ရွက်ရာတွင် ရရှိသည့် ရလဒ်ကို သေချာပေါက် ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ (သတိပြုရန်) သေချာပေါက် ဖြည့်စွက်ရန်လိုအပ်သည့်အချက်များကို မဖြည့်စွက်ထားပါက သတင်းပေး ပို့နိုင်မည်မဟုတ်ပါ။